Sunday, September 18, 2011

နိုင်ငံတော်သစ်နှင့်ကျွန်တော်

        ကျွန်တော်တို့နိုင်ငံကြီးလည်းအစိုးရအသစ်ပြောင်းသွားတာကြာလေပြီပေါ့ ရက်အားဖြင့်တွက်ရင် ။ အခုအသစ် တက်လာတဲ့အစိုးရ တစ်နည်းအားဖြင့်နိုင်ငံတော်အသစ် ပေါ့ ဘာတွေပြောင်းလည်းသွားလည်း ။ အဲဒီအကြောင်းအရာကိုလေ့လာစောင့်ကြည့်တယ်ပေါ့ ပညာရှင်တစ်ယောက်တော့မဟုတ်ပေမယ့် ကိုယ်ပိုင် ခံယူချက်ရှိတဲ့လူတစ်ယောက်အဖြစ် ပေါ့။ အစိုးရအသစ်သို့ နိုင်ငံအသစ်က ဘာတွေပြောင်း သွားလည်း   သေသေချာချာပြောလို့ရတာရှိတယ် အားလုံးကလည်း လက်ခံထားတယ် သူအရင်လို့ မဟုတ်တော့ဘူး ။ ဘာကြောင့်လည်း အာဏာကိုတစ်ဦးတည်ကချုပ်ကိုင်ခွင့်မရှိဘူး ။ပြန်ကျဲသွားတယ် ။ သူတို့သုံးတဲ့စကားလေးပေါ့ အာဏာကိုခွဲဝေပေးတယ် ။နိုင်ငံခြားကအတိုက်အခံတွေကပြောတယ်  ဒီအစိုးရက အရင်ကထက်ပိုဆိုးတယ်တဲ့ ။ သူ့တို့ကိုမေးလိုက်ချင်ပါတယ် ။ ခင်ဗျားတို့ မျက်မြင် ကိုယ်တွေ့လားလို့ ။ သတင်း၊ E-Book လောက်လေးဖတ်ပြီး နိုင်ငံရေးလုပ်နေတဲ့သူတွေ ။ အရင်က ကျွန်တော်တို့ စောင့်ခဲ့ရတဲ့အချိန် အရင်ကမက်ခဲ့ရတဲ့ အိမ်မက် အခုတော့အကောင် အထည်ဖော်ဖို့ လမ်းစလေးတွေမြင်နေပြီး ။ ဖြစ်သေးလားလို့မေးတော့ မဖြစ်တာထက်စာ ရင်တော့ရေးရေးလေးမြင်နေ ရတာက ပိုပြီးမျှော်လင့်ချက်မရှိနိုင်ဘူးလား ။ အရင်က ဖုန်းတစ်လုံး ဆယ်ငါး သိန်း...............အခုလောလောဆယ်ငါးသိန်း.....................နောင်................................. မဖြစ်နိုင် ဘူးမပြောကြပါနဲ့ အချိန်တန်ရင် ဖြစ်လာမှာပေါ့ဗျာ ။ ကျွန်တော်တို့နိုင်ငံကအခုမိခင် ၀မ်းထဲကထွက်လာတဲ့ ကလေးလေးပါ အညစ်အကြေးတွေ သန့်စင်ရဦးမယ် ၊ ထမင်းမစားနိုင်သေး လို့ လောလော ဆယ် နို့လောက်တော့သောက်ရမှာပေါ့ဗျာ ။ ဒါပေမယ့် သွေးသောက်မယ်လို့တောင်းလာ ရင်တော့ နောက် ထပ်မသောက်ရဲအောင် ဆုံးမရမှာပေါ့ ဒီလိုမျိုးကတော့လုပ်သင့်ပါတယ် မဟုတ်ဘူးနောက် ထပ်မလုပ်ရဲအောင်လုပ်ရမှာ ကျွန်တော်တို့မှာလည်း လုပ်ဖို့အခွင့်အရေးရှိနေပြီး အရင်တုန်းကဒီလိုလုပ်ဖို့ မပြောနဲ့ နည်းနည်းလေးစဉ်းစားရင်တော့ ပဲဟင်းလေးရယ် အမေမျက်နှာလေးမြင်ပြီး ပါးစပ်ပိတ်နေရတာ ။ လမ်းလျှောက်ဖို့ဆိုတာတွေကလိုပါသေးတယ် ။ ဗျာ ......နိုင်ငံကြီးကပျက်စီးနေပြီဟုတ်စ ပျက်စီးတာပဲလိုက်ကြည်နေရင်တော့ လည်းပျက်စီးနေ တာပဲတွေ့နေဦးမှာပေါ့ဗျ ။ ကောင်းတာလေးတွေ လည်းရှိသေးတယ်ဆိုကိုလည်း လိုက်ရှာသင့်တယ်လေ ။ တစ်ခါတစ်လေ လူနဲ့မူနဲ့မကွဲတာ ဘာကြောင့်လည်းဗျ ခင်ဗျားတို့ကနိုင်ငံခြားမှာ ပညာသင်ထားတဲ့ပညာတတ်တွေဆို .................ပညာ ရှင်တွေဆို...............လူမကောင်းတာကို နိုင်ငံ တစ်ခုလုံးနဲ့ ကိုင်ပေါက်နေကြတယ် ခင်ဗျားတို့ကတော့ အဆင်ပြေနေတာပေါ့ အော်လိုက်Macdonal စားလိုက်  cola လေးသောက်ပြီး သံရုံးရှေ့သွားအော်နေတယ်  သံရုံးကနိုင်ငံကိုပြန်ပြောလို့ရတာကိုးဗျ သံရုံးတောင်သူတို့တစ်ခွန်းဆိုတစ်ခွန်းမဟရဲဘူးဆိုတာကိုသိသိကြီးနဲ့ စာမျက်နှာတွေပေါ်မှာ နာမည်ကောင်းယူနေတယ် ။  အရင်တုန်းက စကားတစ်ခွန်း စာတပုဒ် ဓါတ်ပုံတစ်ပုံ ကိုဖန်တီးဖို့ဆို ရင် ၀ိနည်းလွတ်ကိုတော်တော်သတိထားနေတယ် ၀ိနည်းမလွတ်ရင် အာပတ်သင့်မှာကိုးဗျ ဒီအာပတ်ကနည်းနည်ကြမ်းတော့ ၀ိနည်းလွတ်ပဲနေနေရတာပေါ့ ။ အခုတော့ဘာပဲဖြစ်ဖြစ် အာပတ်လောက်တော့ဖြေလို့ရနေပြီဗျ ။ တစ်ချို့က ကျွန်တော်ကိုပြောကြတယ် မင်းကဒီအစိုးရလူလားလို့
ကျွန်တော်ကလည်းပြန်မေးချင်ပါတယ် ခင်ဗျားဘယ်နိုင်ငံသားလည်းလို့ ။ နိုင်ငံရေးဆိုတာကြီးကို လမ်းပေါ်ထွက် ဆန္ဒပြ သပိတ်မှောက်၊ လျှောက်အော်  တဲပြန်စဉ်းစားကြည့်ဗျာ ဟစ်တလာကို သူနိုင်ငံသား တစ်ယောက်သွားပြီးတော့ မင်းခုံအောက်ဆင်းပြီးထွက်သွားလိုက် မင်းနေရာကိုငါယူမယ် လို့ပြောလိုက်မယ် ဆိုရင် အဲဒီလူဘာဖြစ်သွားနိုင်လည်း အဖြေကတော့ကျွန်တော်တို့နိုင့်ငံမှာရှိခဲ့ဖူးတဲ့အခြေနေ အနေလေး တစ်ခုပဲ ။ တစ်ကယ်တမ်းတော့ဗျာ နိုင်ငံအရေးဆိုတာ အစိုးရကို ဟိုဟာလုပ်ပေးပါတို့ ဒီဟာလုပ်ပေးပါလို့   ပြောရင် အစိုးရကလုပ်ချင်မှလုပ်မှာပါ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ ဆွေမျိုးကိစ္စတို့ သားရေးသမီးရေး တို့ မိန်းမအရေးတို့နဲ့ ပိနေတဲ့ဟာကို ဗျာ အဲဒီတော့ အစိုးရကိုယ်ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်လို့ ပြောမယ်အစား ကိုယ်တိုင်က အကိုယ်လုပ်စေချင်တဲ့အလုပ်မျိုးကို  ကိုယ်တိုင်တစ်ပိုင် တစ်နိုင် လေးပေါ့နိုင်သလောက်လေးလစပြီးလုပ်လိုက် ကိုယ်သာတစ်ကယ့်စေတနာနဲ့ လုပ်ရင် လူတိုင်းပါဝင် လာနိုင်ပါတယ် ။ ဘာမှသာမဟုတ်တာနော်သစ်ပင်လေး တစ်ရာလောက်စိုက်မယ်ဆိုပြီး ဖိတ်ခေါ်လိုက်တာတောင် လူအများကြီးလာတာပဲ နိုင်ငံကောင်းစားဖို့တစ်ကယ်လုပ်ရင် တစ်နိုင်ငံလုံးပါ လာမှပေါ့ဗျာ ။ နောက်ဆုံးပြောရရင်တော့ဗျာ အခုအစိုးရအသစ်လက်ထပ်မှာဆိုရင် အရင်ကကျွန်တော်တို့ မရခဲ့တဲ့အရာတွေတော်တော်များများ ရရှိနေတယ်ဆို ရင်လက်ခံတာပေါ့ဗျာ ဘာပဲဖြစ်ဖြစ် ငါးပိရည်နဲ့စားရမယ့်ကိန်းကနေ ဘဲဥလောက်စားရတယ်ဆိုရင်ကံကောင်းနေပြီ ။ နိုင်ငံတော်လို့သုံးလို့ရ တဲ့အတွက် ၀မ်းသာမိပါတယ် အရင်တုန်းကစစ်အစိုးရဆိုပြီးသုံးနှုန်းနတာကိုးဗျ ။

( ကျွန်တော်မည်သူကိုမျှတိုက်ခိုက်ခြင်းမဟုတ်ပါ ကျွန်တော်၏ IDEA များနှင့်ခံယူချက်များကို ဒီမိုကရေစီကျကျ ဖော်ထုတ်ရေးသားခြင်းသားဖြစ်ပါသည်)

Saturday, September 17, 2011

အသစ်တစ်ခုစတင်မွေးဖွားခြင်း


ကျွန်တော်ဘလော့ရေးတာ သုံးနှစ်ရှိပါပြီ ဒါပေမယ့်အခုမှ blogspot ပွင့်တာကို သေသေချာချာလေးမြင်ဖူးတာ အရင်တုန်းကတော့ ဟိုကကျော်ဒီကခွ နဲ့ကိုယ်ဆိုဒ်လေးကိုမနည်းဖွင့်နေရတာ တစ်ခါတစ်လေကျရင် ကွန်နက်ရှင်ကျတဲ့နေ့ဆိုဘယ်လို့မှ ဖွင့်လို့ကိုမရဘူး နိုင်ငံရေးကိုရေးမယ်ဆိုပြီးစခဲ့တာ အခု အစိုးရသာပြောင်းသွားတာ နိုင်ငံရေးရေးဖို့ဘာမှန်းတောင်မသိလိုက်ဘူး ရေးမယ်ဆိုပြီးစလိုက်တာနဲ့ စပြီးဘမ်းတော့တာပဲဗျာ။ အခုမှပွင့်တယ် အစကတော့ worprees မှာရေးပေမယ့် တစ်ကယ်တမ်းကျတော့ bloggerမှာပဲရေးချင်တာ အခုတော့ ကျွန်တော်တို့အများမျှော်တဲ့ ဘလော့ဂါကြီးပွင့်တော့ ကျွန်တော်တို့လည်းရင်ထဲက စာသားတွေကို ဒီမိုကရေစီကျကျ ဖွင့်ထုတ်ဖို့ပြင်ဆင်ကြပါစို့ဗျာ ။